Our Story

About us

Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် (၁၄) နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ပြည်တွင်းရှိ ခရီးသွားမိတ်ဆွေ မိဘပြည်သူများနှင့် လုပ်ငန်းရှင်မိတ်ဖက်များ၏ သွားရေးလာရေး ၊ ပို့ဆောင်ဆက်သွယ်ရေးများ အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက် မြန်မာပြည် နေရာအနှံ့အပြားရှိ မြို့ပေါင်း (၂၅) မြို့ သို့ နိုင်ငံတကာအဆင့်မှီ Air Con Bus များ SCANIA နှင့် SC NEUSTAR အမျိုးအစား ခရီးသွားယာဉ်အသစ်များဖြင့် ခရီးစဉ်များအား နေ့စဉ်ပြေးဆွဲ၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ Elite Express ဝန်ဆောင်မှုများအား အချိန်နှင့်တပြေးညီ ဆက်သွယ်ရရှိနိုင်ရန်အတွက် အမြို့မြို့အနယ်နယ်ရှိ မြို့ကြီးများတွင် ပင်မဂိတ်များ ဖွင့်လှစ်ပေးထားရုံသာမက လက်မှတ်အရောင်းကိုယ်စားလှယ်ဆိုင်များကိုလည်း ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါသည်။ နည်းပညာဝန်ဆောင်မှုသစ်တစ်ခုအနေဖြင့် Online Payment များဖြင့် ခရီးစဉ်လက်မှတ် ဝယ်ယူနိုင်သော Customer Mobile Application ကိုလည်းထုတ်လုပ်၍  လုံခြုံစိတ်ချရမှုအပြည့်အဝဖြစ်သော  ဝန်ဆောင်မှုများအား တိုးမြှင့်ပေးအပ်လျက်ရှိသည့်အပြင်  (၁၂) နှစ်တာကာလတိုင် ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ် ကြိုးစားခဲ့ရာ အဝေးပြေးခရီးသွားလုပ်ငန်းဈေးကွက်တွင် Customer များ၏ ယုံကြည်အားပေးမှုအားများစွာရှိထားသော အဆင့်မြင့်ယာဉ်လိုင်းတစ်ခုအဖြစ်လည်းရှိနေခဲ့ပါသည်။ ယခုလက်ရှိတွင် ယာဉ်အစီးရေပေါင်း SCANIA (၁၀၈) စီး ၊ SC NEUSTAR (၂၂) စီးတို့ဖြင့် နေ့စဉ်ပြေးဆွဲနေပြီး ခရီးသည်ပေါင်း (၂၀၀၀) ခန့် တို့၏ စီးပွားရေး ၊လူမှုရေး ၊ လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေး အခက်အခဲများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကြီးအဖြစ် ယနေ့ထိတိုင်ဂုဏ်ယူစွာရပ်တည်နေနိုင်အောင် ယုံကြည်ပေးပါသော ခရီးသွားဧည့်သည် တော်လူကြီးမင်းများ နှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများကို အမြဲကျေးဇူးတင်လျက်ရှိပါသည်။

Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း

မုံရွာ

မုံရွာသည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးဆုံးမြို့ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဘက် (၁၃၆) ကီလိုမီတာ အကွာတွင်ရှိသည်။

မုံရွာမြို့တွင် အဓိက အထင်ကရနေရာမှာ သမ္ဗုဒ္ဓုစေတီတော်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရှိဘူဘူဒူနှင့် ဆင်တူသည့်ကြီးမားသည့် ရုပ်ပွားတော်များရှိသောဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည်။

ဂန့်ဂေါ

ဂန့်ဂေါသည် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်ရှိ မြို့တစ်မြို့ဖြစ်သည်။

ဂန့်ဂေါတွင် ယောလူမျိုးအများ နေထိုင်သည့်အတွက် ယောမြို့ဟုလည်း လူသိများသည်။

ဂန့်ဂေါဒေသမှထွက်သော ဂန့်‌ဂေါယောလုံချည်မှာ တစ်နိုင်ငံလုံးကျော်ကြားသည်။

ကလေး - ဂန့်ဂေါ လမ်းမကြီးသည် ဂန့်ဂေါနှင့် ကလေးမြို့တို့ကို ချိတ်ဆက်ထားသော အဓိကလမ်းမကြီးဖြစ်သည်။

 

မုံရွာဂိတ်: 09 977 838 316, 09 977 838 317
ဂန့်ဂေါဂိတ်: 09 977 838 071, 09 977 838 072
ကလေးဂိတ်: 09 977 838 060, 09 977 838 061, 09 977 838 062