Our Story

About us

Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် (၁၄) နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ပြည်တွင်းရှိ ခရီးသွားမိတ်ဆွေ မိဘပြည်သူများနှင့် လုပ်ငန်းရှင်မိတ်ဖက်များ၏ သွားရေးလာရေး ၊ ပို့ဆောင်ဆက်သွယ်ရေးများ အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက် မြန်မာပြည် နေရာအနှံ့အပြားရှိ မြို့ပေါင်း (၂၅) မြို့ သို့ နိုင်ငံတကာအဆင့်မှီ Air Con Bus များ SCANIA နှင့် SC NEUSTAR အမျိုးအစား ခရီးသွားယာဉ်အသစ်များဖြင့် ခရီးစဉ်များအား နေ့စဉ်ပြေးဆွဲ၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ Elite Express ဝန်ဆောင်မှုများအား အချိန်နှင့်တပြေးညီ ဆက်သွယ်ရရှိနိုင်ရန်အတွက် အမြို့မြို့အနယ်နယ်ရှိ မြို့ကြီးများတွင် ပင်မဂိတ်များ ဖွင့်လှစ်ပေးထားရုံသာမက လက်မှတ်အရောင်းကိုယ်စားလှယ်ဆိုင်များကိုလည်း ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါသည်။ နည်းပညာဝန်ဆောင်မှုသစ်တစ်ခုအနေဖြင့် Online Payment များဖြင့် ခရီးစဉ်လက်မှတ် ဝယ်ယူနိုင်သော Customer Mobile Application ကိုလည်းထုတ်လုပ်၍  လုံခြုံစိတ်ချရမှုအပြည့်အဝဖြစ်သော  ဝန်ဆောင်မှုများအား တိုးမြှင့်ပေးအပ်လျက်ရှိသည့်အပြင်  (၁၂) နှစ်တာကာလတိုင် ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ် ကြိုးစားခဲ့ရာ အဝေးပြေးခရီးသွားလုပ်ငန်းဈေးကွက်တွင် Customer များ၏ ယုံကြည်အားပေးမှုအားများစွာရှိထားသော အဆင့်မြင့်ယာဉ်လိုင်းတစ်ခုအဖြစ်လည်းရှိနေခဲ့ပါသည်။ ယခုလက်ရှိတွင် ယာဉ်အစီးရေပေါင်း SCANIA (၁၀၈) စီး ၊ SC NEUSTAR (၂၂) စီးတို့ဖြင့် နေ့စဉ်ပြေးဆွဲနေပြီး ခရီးသည်ပေါင်း (၂၀၀၀) ခန့် တို့၏ စီးပွားရေး ၊လူမှုရေး ၊ လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေး အခက်အခဲများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကြီးအဖြစ် ယနေ့ထိတိုင်ဂုဏ်ယူစွာရပ်တည်နေနိုင်အောင် ယုံကြည်ပေးပါသော ခရီးသွားဧည့်သည် တော်လူကြီးမင်းများ နှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများကို အမြဲကျေးဇူးတင်လျက်ရှိပါသည်။

Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း

ပြင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးရှိ သာယာလှပသော တောင်ပေါ်မြို့ဖြစ်သည်။

ဆွယ်တာချည်ထိုးခြင်း၊ ပန်းနှင့်ဟင်းသီးဟင်းရွက်ဥယျာဉ်များ၊ စတော်ဘယ်ရီနှင့် နာနတ်သီးဥယျာဉ်များ၊ ကော်ဖီစိုက်ခင်းများနှင့် နွားမွေးမြူခြင်းတို့သည် အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည်။

 

ပြင်ဦးလွင်ဂိတ် : 09 977 838 180, 09 977 838 181
နောင်ချိုဂိတ် : 09 977 838 030, 09 977 838 031